ကိုယ်လျှောက်မယ့် ကျောင်း၊ မေဂျာရဲ့ Application Process တွေပြီးလို့ Visa approved ရပြီဆိုတာနဲ့ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးတယ်နော်
🔰 ပညာရေးဆိုင်ရာစာရွက်စာတမ်းများ ပြင်ဆင်ခြင်း
ကျောင်းသွားတက်မှာဖြစ်လို့ ပထမဆုံးအရေးကြီးတဲ့ အရာတွေကတော့ ကျောင်းဘက်က Acceptance Letter or Offer Letter, ကိုယ့်ရဲ့ အောင်လက်မှတ်၊အမှတ်စာရင်းတွေကို Notary ပြုလုပ်ထားတဲ့ စာရွက်စာတမ်းများ၊ E-Visa Documents များ၊ Passport စာအုပ် (အနည်းဆုံး ၆လသက်တမ်းကျန်ရပါမယ်) တို့ လိုအပ်ပါတယ်။
🔰ငွေရေး၊ကြေးရေးအတွက် ပြင်ဆင်ခြင်း
E-Visa ဝင်တဲ့နေရာမှာရော Immigration ဖြတ်တဲ့အခါမှာပါ လိုအပ်တဲ့ Bank Statement၊ ကျောင်းဘက်ကို Tuition Fees သွင်းထားတဲ့ Invoice များ၊ နေထိုင်စရိတ် အနည်းဆုံး ၃လစာနှင့် ထိုင်းရောက်တဲ့အခါ လိုအပ်တာတွေ ဝယ်ဖို့ Thai Baht (အနည်းဆုံး 30,000 THB သုံးလစာအတွက်) လဲလာဖို့ လိုအပ်မှာဖြစ်ပါတယ်။ တက်မဲ့ကျောင်းဘက်ကို သွင်းထားတဲ့ ငွေလွှဲပြေစာကိုလည်း Immigration အ၀င်မှပြပေးဖို့လိုအပ်ဖို့တာကြောင့် ယူသွားဖို့လိုအပ်ပါတယ်။
🔰 နေရာထိုင်ခင်းအတွက် ပြင်ဆင်ခြင်း
ထိုင်းနိုင်ငံက မြန်မာနိုင်ငံလိုပဲ Apartment, Condo, TownHouse တွေ အစားစားရှိလို့ ကိုယ်သတ်မှတ်ထားတဲ့ Budget နဲ့ ကိုက်ညီမယ့် နေရာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံက နိုင်ငံတကာကျောင်းသားများစွာရှိတာဖြစ်လို့ ကျောင်းအနီးပတ်ဝန်းကျင်မှာ Room ရဖို့ ခက်တာဖြစ်လို့ ထိုင်းကိုမသွားခင်တည်းက ကြိုတင်စုံစမ်းထားသင့်ပါတယ်။ အခန်းစာချုပ်တွေကတော့ ၆လချုပ်ကနေ ၁နှစ်၊ ၂နှစ်စာချုပ်ထိ အစားစားရှိပါတယ်။ NayYar အနေနဲ့ အကြံပေးချင်တာကတော့ ကျောင်းနဲ့ အနီးဆုံး၊ မနီးမဝေးတဲ့နေရာက အခန်းကိုယူပြီး Transportation Fees တွေနဲ့ အချိန်ကုန်၊ လူပင်ပန်းဖြစ်တာတွေကို ရှောင်ရှားနိုင်ပါတယ်။
🔰Thailand Digital Arrival Card Form ဖြည့်သွင်းခြင်း
ထိုင်းကို မည်သည့် visa နဲ့ပဲ၀င်၀င် Thailand Digital Arrival Card (TDC) form ကို ထိုင်းနိုင်ငံသိုမရောက်ခင် (၂)ရက်ကြိုပြီးဖြည့် ပေးဖို့လိုပါတယ်။
🔰ဆက်သွယ်ရေးနှင့် အထွေထွေအတွက်ပြင်ဆင်ခြင်း
နောက်ထပ်လိုအပ်တာတွေကတော့ ထိုင်းနိုင်ငံရောက်တာနဲ့ ထိုင်းနိုင်ငံအတွင်း ဆက်သွယ်ပြောဆိုဖို့ ထိုင်းဖုန်းဆင်းကဒ်တွေကို (Airport, 7 Eleven, True Shop) တို့မှာအလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံခြားမှာကျောင်းသွားတက်တာဖြစ်လို့ မြန်မာနိုင်ငံမှာ ကိုယ်သုံးနေကြ မြန်မာဆေးလေးတွေကို ဝယ်ယူသွားကြဖို့လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာလဲ မြန်မာဆေးတွေရနိုင်တယ်ဆိုပေမယ့် ပထမဆုံးရောက်တဲ့ နေရာစိမ်းတစ်ခုမှာ အခက်အခဲမဖြစ်ဖို့ ကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။ တစ်ကိုယ်ရည်သုံးနေကြ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။
ထိုင်းကို ခုပဲသွားတော့မလား ဘာပဲလိုလို 𝐍𝐚𝐲𝐘𝐚𝐫 ကိုသာလာမေးလိုက်တော့နော်...